Summary
ဒီ Webtoon က Harry Potter နဲ့ခပ်ဆင်ဆင်လိုပြောရမလားပဲ၊
Harry Potter ကိုမှ System နဲ့ ပေါင်းထားသလိုမျိုးလေး
ဒီ Webtoon ရဲ့အဓိကဇာတ်ကောင် ဘတ်ယူချောလ်က ဂိမ်းကာရိုက်တာတစ်ခု၊ MC က Magic Academy ဆိုတဲ့ ဂိမ်းကိုဆယ်နှစ်လောက် ဆော့လာတဲ့လူတစ်ယောက်ပေါ့၊ ဆယ်နှစ်လုံးလုံး ဘတ်ယူဆောလ်ကိုပဲ ကိုင်ပြီးဆော့လာတာ
အဲ့လိုနဲ့တစ်နေ့မှာ သူကိုယ်တိုင် ဂိမ်းထဲက ဘတ်ယူဆောလ်ရဲ့ကိုယ်ထဲကိုရောက်သွားပါလေရော
အမှန်တော့ ဂိမ်းကိုစစ်မှန်တဲ့ဇာတ်သိမ်း
ရောက်အောင် လုပ်ပေးဖိုအတွက် သူကဂိမ်းထဲကိုရောက်လာရတာ။ စစ်မှန်တဲ့ဇာတ်သိမ်းကဘယ်လိုလဲဆိုတာကိုတော့ သူအပါအဝင် ဘယ်သူမှမသိကြဘူး
ဒီလိုနဲ့ဘတ်ယူဆောလ်တစ်ယောက် စတယ်လာမှော်ကျောင်းတော်မှာ ကျောင်းတက်ရင်း ဘယ်လိုတွေစွမ်းအားကြီးလာမလဲ၊ စစ်မှန်တဲ့ဇာတ်သိမ်းရရှိအောင်ရော ဘယ်လိုတွေလုပ်သွားမလဲဆိုတာကို
သိချင်ရင် ဒီ Magic Academy’s Genius Blinker ဆိုတဲ့ Webtoon လေးထဲမှာ အဆုံးထိစောင့်ကြည့်ဖတ်ရှုပေးကြပါနော်
Translated and Review by Scarlett & Dan