Summary
Anime လောကမှာ Demon slayer ကို မသိတဲ့သူ မရှိသလိုပဲ manhwa ပိုင်းမှာလည်း solo leveling က နာမည်အကြီးဆုံး လူကြိုက်အများဆုံး manhwa တွေထဲက တစ်ခုပါ။ တချိုကတော့ Solo leveling ကို overrated ဖြစ်လွန်းတယ် သူ့ထက်သာတာတွေ တစ်ပုံကြီးလို ပြန်ပြောရင် ပြောကြလိမ့်မယ်။ ဒါပေမဲ့ plot ပိုင်း၊ character ပိုင်း၊ world building ပိုင်းမှာ အပိုအလိုမရှိ သေသပ်လှပတဲ့ art တွေနဲ့ တစ်ထိုင်တည်း ဖတ်ချင်လာအောင် ဆွဲခေါ်နိုင်လို anime ပါ ထွက်လာရတဲ့အထိ ပေါက်သွားတာကိုတော့ ငြင်းလိုမရပါဘူး
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါတဲ့ဗျာ။
တစ်နေ့မှာ “Gate” ဆိုတာတွေ ပေါ်လာပြီး မိစ္ဆာတွေ မကောင်းဆိုးဝါးတွေ ထွက်လာကြတယ်။ ဒီမိစ္ဆာတွေကို သာမန်လက်နက်တွေနဲ့ မသတ်နိုင်တဲ့အချိန်မှာ စွမ်းအားရှိတဲ့လူတွေ ပေါ်လာတယ်။ ဒီစွမ်းအားရှင်တွေကိုတော့ “hunter” တွေတဲ့။ MC ကလည်း hunter ဆိုပေမဲ့ သူ့အစွမ်းက သာမန်လူနဲ့ မကွာပါဘူး။ မိသားစုကို ရှာကျွေးနေရတဲ့ mc က ဒီ gate တွေက သူ့အတွက် အန္တရာယ်များမှန်း သိပေမဲ့လည်း ရုန်းကန်ကြိုးစားရင်း အသတ်ခံလိုက်ရပါတယ်။ အသက်ပြန်ရှင်လာတဲ့အခါမှာတော့ သူ့ဆီမှာ system တစ်ခုပေါ်လာပြီး စွမ်းအားကြီးတဲ့သူဖြစ်ဖို လေ့ကျင့်ပေးပါတော့တယ်။ review by Noel