Summary
ဂွမ်အစ် (Gwang-Ik) ဆိုတာကတော့ သာမန်လူတွေနဲ့မတူဘဲ ကမ္ဘာ့ရန်ဘက်တွေဖြစ်ကြတဲ့ Immortal မျိုးနွယ်နဲ့ Shapeshifter မျိုးနွယ်နှစ်ခုလုံးရဲ့ သွေးကို ရောစပ်ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော “မျိုးစပ်လူသား” တစ်ယောက်ပါ.. ငယ်စဉ်ကတည်းက သူ့ရဲ့ ထူးခြားတဲ့ မျိုးရိုးကြောင့် လူတောမတိုးရဲဘဲ လျှို့ဝှက်စွာ နေထိုင်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပေါ့..
ဒါပေမဲ့ ကံတရားရဲ့ အလှည့်အပြောင်းကြောင့် သူဟာ စွမ်းအားရှင်တွေ မွေးထုတ်ပေးတဲ့ အထူးလေ့ကျင့်ရေးကျောင်းကို တက်ရောက်ဖို့ ဖြစ်လာပါတယ်.. မိမိရဲ့ သွေးနှောဖြစ်နေတဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ရင်း ထိပ်တန်းအဆင့် သူရဲကောင်းတွေကြားမှာ သူ့ရဲ့ “စည်းအပြင်က စွမ်းရည်” တွေကို ဘယ်လို ထုတ်သုံးသွားမလဲ.. သူ့ရဲ့ ဝှက်ဖဲတွေက သူ့ကို အထွတ်အထိပ်ဆီ ပို့ဆောင်ပေးမလား.. ဒါမှမဟုတ် ရန်သူတွေရဲ့ ပစ်မှတ်ဖြစ်သွားစေမလားဆိုတာကတော့..
သိုးအုပ်ထဲမှာ ရောနှောနေထိုင်နေရတဲ့ ကျားတစ်ကောင်လိုပါပဲ.. အချိန်တန်လို့ သူ့ရဲ့ အစွယ်အစစ်အမှန်ကို ထုတ်ပြလိုက်တဲ့အချိန်မှာတော့ လောကကြီးတစ်ခုလုံး တုန်လှုပ်သွားရပါလိမ့်မယ် 🔥