Summary
ဘရီယိုလ်နိုင်ငံ၏ အရည်အချင်းမရှိဆုံးနဲ့ ဘာမှမလုပ်တတ်မကိုင်တတ်သည့် တတိယမင်းသား ယူရီဟာ နိုင်ငံတော် ပြိုလဲချိန်မှာ တစ်ဦးတည်းအသက်ရှင်ကျန်ရစ်သူ ဖြစ်ခဲ့ပါတယ်။ နောင်တ၊ ဝေဒနာတွေနဲ့ ပြည့်နေတဲ့ သူ့ရဲ့နောက်ဆုံးခရီးမှာ ဘဝဇာတ်သိမ်းခဲ့ပေမဲ့ မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့ သူရင်းနှီးပြီးသား မျက်နှာတစ်ခုဖြစ်တဲ့ သူ့ဖခင်ရဲ့ မျက်နှာကို တွေ့လိုက်ရပါတယ်။ ငရဲကို အတူတူရောက်သွားကြပြီလို့ ထင်နေပေမဲ့ သူပြန်ရောက်နေခဲ့တာက ငရဲမဟုတ်ဘဲ ၁၃ နှစ်သားအရွယ် နွေဦးပေါက်ကာလကိုပါ။
ဒီတစ်ကြိမ်မှာတော့ သူဟာ အတိတ်ကအမှားတွေကို ပြန်ပြင်ဆင်ဖို့နဲ့ အဖိုးတန်ဆုံးအရာတွေဖြစ်တဲ့ သူ့ရဲ့မိသားစု၊ နိုင်ငံတော်ကို ကယ်တင်ဖို့အတွက် ဒုတိယအခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတယ်။
ယူရီဟာ ဒီတစ်ကြိမ်မှာတော့ လက်တုံ့ပြန်မှုတွေနဲ့အတူ အင်အားကြီးမားတဲ့ နိုင်ငံတော်သစ်တစ်ခုကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ အတိတ်က နောင်တတွေကို အင်အားအဖြစ်ပြောင်းလဲပြီး၊ သူချစ်မြတ်နိုးရတဲ့ နိုင်ငံတော်ကို ဘယ်လိုပြန်လည်ထူထောင်မလဲဆိုတာ ဒီဇာတ်လမ်းကနေ စောင့်ကြည့်လိုက်ကြပါစို့။