Summary
Fated to be loved by villains
Chapter 1 to 6
Review
ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက် သူစွဲစွဲမက်မက်ဆော့နေကြ ဗီဒီယိုဂိမ်းလောကထဲက ဒေါ့တ်ထ်ကမ့်ဘဲလ်လို့ခေါ်တယ့် သာမန်ဇာတ်ကောင်ငယ်လေးအဖြစ်ရောက်ရှိသွားတဲ့အခါ…..✨
ဒီwebtoon လေးကတော့ ကောင်လေးတယောက် သူအမြဲဆော့နေကြ ကယ်တင်သူပေါ်ပေါက်လာခြင်းဆိုတဲ့ Japan video game ကမ္ဘာထဲကိုရောက်ရှိသွားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်…🎮⚔️
ဒေါ့တ်ထ် တစ်ဖြစ်လည်း အမျိုးသားဇာတ်လိုက်ဟာ ဂိမ်းကမ္ဘာထဲမှာတော့အခြားဇာတ်ကောင်တွေနဲ့ယှဉ်ပြိုင်တိုက်နိုင်တဲ့ စွမ်းအင်တွေမရှိတဲ့ သာမန်ဂိမ်းဇာတ်ကောင်လေးပေမယ့် ဂိမ်းထဲက အမျိုးသမီးဗီလိန်တွေရဲ့ သဲသဲလှုပ်အချစ်ခံရမယ့် ကံကြမ္မာကိုပိုင်ဆိုင်ထားသူလည်းဖြစ်တဲ့အပြင် ထရစ်စတန်မိသားစုရဲ့ကျိန်စာကိုတားဆီးနိုင်ဖို့ အဲလီနောလ်ဆိုတဲ့မိန်းကလေးတစ်ဦ်းကို ကာကွယ်ရမယ့်တာ၀န်လည်းရှိနေပါသေးတယ်
ဒေါ့တ်ထ်တစ်ယောက် ဂိမ်းရဲ့ memory တွေကိုဖျက်ပစ်လိုက်ရင် လက်ရှိလောကကိုပြန်ရောက်လာမယ်ထင်ခဲ့ပေမယ့် ထင်ထားသလိုဖြစ်မလာတဲ့အခါ….
သူဆော့နေတဲ့ဂိမ်းရဲ့ ကမ္ဘာငယ်လေးထဲမှာ ဖြစ်လာတဲ့ ဇာတ်လမ်းတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ…
အဆုံးသတ်မှာရောကံကြမ္မာကိုပြန်ပြင်နိုင်ပြီး လက်ရှိလောကထဲပြန်ရောက်ရှိလာနိုင်မလားဆိုတာတော့ ဇာတ်လမ်းလေးကိုဖတ်ရှုရင်း ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်….✨✨