Rating
Muscle joseon Average 4.3 / 5 out of 8
Rank
56th, it has 98 monthly views
Type
Manhwa
ကိုယ်ကာယလေ့ကျင့်ရေးမှုး ချွဲယန်းရှစ်က ကိုယ်ကာယကြံ့ခိုင်ရေးကို အလွန်တန်ဖိုးထားသူတစ်ယောက်ပါ။ သူက သမိုင်းမေဂျာကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ ကိုယ်ကာယကြံ့ခိုင်ရေးကိုပဲ အားထားတာကြောင့် အလွန်ကျန်းမာပြီး ပရော်ဖက်ရှင်နယ်အားကစားလေ့ကျင့်ရေးမှုးလက်မှတ်လဲ ရရှိထားတယ်။ အဲလိုလူက တစ်ရက်မှာ အရက်အလွန်အကျူးသောက်မိပြီး ဂျိုဆွန်ခေတ်ကို ရောက်လာခဲ့တယ်။ ရောက်ရောက်ခြင်း သူ့ကို အံ့ဩသင့်စေတာက ဂျိုဆွန်ခေတ်ဘုရင်ကစပြီး မှုးမတ်တွေအထိက ကျန်းမာခြင်းမရှိဘဲ ကိုယ်ကာယပိုင်းမှာ အားနည်းနေကြတာကိုပဲ။ ဒါကြောင့် ကိုယ်ကာယနည်းပြမှုးအနေနဲ့ ဒီတိုင်းရပ်မကြည့်နေနိုင်တဲ့သူ့အနေနဲ့ လူတိုင်းကို ကိုယ်ကာယကြံ့ခိုင်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီအခါ သူဘယ်လို အခက်အခဲတွေ ကြုံတွေ့နိုင်မလဲ။ သမိုင်းက အသေစောသွားသူတွေကိုရော ပြောင်းလဲနိုင်မလားဆိုတာကို ဖတ်ရမဲ့ Muscle Joseon!!!