Summary
ဘတ်ဂျက်ရုံးက ရည်မှန်းချက်အပြည့်နဲ့ ဝန်ထမ်းတစ်ယောက် အမြင့်ဆုံးနေရာကို ရောက်ချင်ဇောနဲ့ နိုင်ငံရေးအဆက်အသွယ်တွေရှိပြီး အာဏာရှိသူတွေ တောင်းသမျှ ဘတ်ဂျက်တိုင်းကို အတည်ပြုပေးခဲ့ပါတယ်
နောက်ဆုံးမှာ ထောက်ခံနှုန်း ၈၀% နဲ့သမ္မတ ဖြစ်လာခဲ့ပေမယ့် အရင်အစိုးရလက်ထက်က လုပ်ချင်တိုင်းလုပ်ခဲ့တဲ့ ပြဿနာတွေရော၊ ဝန်ထမ်းဖြစ်စဉ်အခါက သူ့ကို ထောက်ခံသူများစေဖိုအတွက် သြဇာအာဏာရှိသူတွေ အတည်ပြုခိုင်းသမျှ ဘတ်ဂျက်တွေကို အတည်ပြုပေးခဲ့ရတာကြောင့် သူ သမ္မတဖြစ်တဲ့လက်ထက်မှာ နိုင်ငံက ဒေဝါလီခံရလုနီးပါး ဖြစ်သွားခဲ့ပါတယ်
ငွေရေးကြေးရေးမှာ PEOPLE PLEASER ဖြစ်နေလိုမရပါဘူး ငြင်းသင့်ရင် ငြင်းရပါတယ် ဒီဝန်ထမ်းလေးကတော့ ကိုယ့်ရဲ့ရည်မှန်းချက်ကြောင့် မျက်ကန်းသွားပြီး သူများခိုင်းသမျှ လုပ်ပေးခဲ့တယ်
ဒါပေါ့လေ သမ္မတဖြစ်လာခဲ့တဲ့ လူတစ်ယောက်အနေနဲ့ အရမ်းကြီးတော့ မအတော့ပါဘူး သူတောင်းဆိုခဲ့တဲ့ ဒုတိယအခွင့်အရေးကို မိုးကောင်းကင်ကြီးက ပေးသနားပြီးတဲ့နောက်မှာ အရင်ဘဝက နိုင်ငံရေးလောကမှာ ကျင်လည်ခဲ့တဲ့ သူ့အတွေ့အကြုံတွေနဲ့ ဘတ်ဂျက်ရုံးကနေ နိုင်ငံကို ဒေဝါလီမခံရအောင် ဘယ်လိုလုပ်မလဲဆိုတာ ဖတ်ရှုရမှာဖြစ်ပါတယ်
Review and translated by Ivy