Summary
ခေတ်သစ်က အင်ဂျင်နီယာတစ်ယောက်ဟာ မတော်တဆမှုကြောင့် သေဆုံးသွားပြီးနောက် အလယ်ခေတ် ဥရောပလို ကမ္ဘာတစ်ခုမှာ စတုတ္ထမြောက်မင်းသား ‘ရိုလန်’ အဖြစ် ရုတ်တရက်ကြီး ဝင်စားသွားခဲ့တဲ့အခါ
မျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ စုန်းမတစ်ယောက်ကို ကြိုးစင်တင်ကွပ်မျက်ရမယ့် အခြေအနေနဲ့ ကြုံတွေ့လိုက်ရပေမယ့် ခေတ်သစ်က အသိပညာတွေပါလာတဲ့ မင်းသားရိုလန်ကတော့ စုန်းမလေးကို သတ်မယ့်အစား ရဲရဲဝံ့ဝံ့ပဲ ကယ်တင်လိုက်ပါတော့တယ်
စုန်းမတွေကို မကောင်းဆိုးဝါးလို သတ်မှတ်ထားတဲ့ ခေတ်ကြီးထဲမှာ သူတိုရဲ့ မှော်စွမ်းအင်တွေကို အင်ဂျင်နီယာပညာရပ်တွေနဲ့ ပေါင်းစပ်ပြီး ဆင်းရဲတဲ့ နယ်စပ်မြိုလေးကို အင်အားကြီးတဲ့ စက်မှုမြိုတော်ကြီးဖြစ်အောင် ဘယ်လိုတွေ အမိုက်စား တည်ဆောက်သွားမလဲ
နန်းလုပွဲတွေ၊ လျှိဝှက်ဆန်းကြယ်မှုတွေနဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားမှာ ဉာဏ်သုံးပြီး ဖြေရှင်းသွားမယ့် Kingdom Building ဇာတ်လမ်းကောင်းလေးမို စိတ်ဝင်တစား ဖတ်ရှုရမှာပါ