Summary
Action ရော Comedy ပါ ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် Art Style ခပ်မိုက်မိုက် ဇာတ်လမ်း ကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးရမယ်ဆိုရင်တော့
မြောက်ကိုရီးယားမှာဉာဏ်ကြီးရှင်လျှိဝှက် လူသားလက်နက် အေဂျင့်အနေနဲ့ အသက်ငါးနှစ်အရွယ်ကတည်းက လေ့ကျင့်ခံခဲ့ရတဲ့ ဂန်ဂွန်းဆိုတဲ့ ကောင်လေးဟာ ၁၇နှစ်အရွယ်ရောက်လာတော့ တောင်ကိုရီးယားရဲ့အထက်တန်းစားလူ့အသိုင်းအဝိုင်းထဲကိုဝင်ရောက်ပြီး အဆက်အသွယ်တွေတည်ဆောက်ဖို မစ်ရှင်နဲ့ ထိပ်ဆုံး ၀.၁% သာတက်ရောက်ရတဲ့ အထူးအထက်တန်းကျောင်းကိုပြောင်းလာခဲ့ပါတယ်
မစ်ရှင်ထပ် သူငယ်ချင်းရှာရတာသူ့အတွက်ပိုပြီးကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာတဲ့အခါ
မိသားစုတစ်စုအနေနဲ့နိုင်ငံတကာကစောင့်ကြည့်ခံနေရတဲ့ ဟက်ကာ အဖေနဲ့ ဒဏ္ဍာရီလာ လုပ်ကြံရေးသမား အမေတိုနဲ့အတူ မျက်နှာဖုံးစွပ်နေထိုင်ရင်း ဒီထက်တန်းစားလွှာတွေကြားထဲ ဂွန်းတစ်ယောက် ဝင်ဆံ့လာနိုင်မလား? သူ့ရဲ့လျှိဝှက်ချက်ကိုရော ဘယ်အချိန်အထိဖုံးကွယ်ထားနိုင်မလဲ?
ဘယ်လိုအခက်အခဲတွေကိုမြောက်ကိုရီးယားကဂွန်းတစ်ယောက်ရင်ဆိုင်ရမလဲ? ဆိုတာကို ဒီ Secret Family ဆိုတဲ့ဇာတ်လမ်းလေးမှာ ဖတ်ကြည့်လိုက်ကြတော့နော်
Review and translated by E