Summary
Yu Ijin ဆိုတဲ့ ကောင်လေးဟာ အသက်၈နှစ်အရွယ်မှာ ခရီးသွားရင်း လေယာဥ်ပျက်ကျပြီး နိုင်ငံခြားက ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း ရှင်ကျန်နေခဲ့တယ်
တစ်ယောက်တည်းဖြစ်နေခဲ့တဲ့ Ijin ဟာ မရင်းနှီးတဲ့နေရာမှာ ရှင်သန်နိုင်ဖိုအတွက် ကြေးစားတစ်ယောက်အဖြစ် ရုန်းကန်ရတော့တာပေါ့
ဒီလိုနဲ့ နှစ်တွေကြာပြီးနောက်မှာ ၁၉နှစ်အရွယ် Ijin တစ်ယောက် ကိုရီးယားကို ပြန်ရောက်လာခဲ့တယ်
ညီမဖြစ်သူရယ် အဖိုးရယ်နဲ့ ပြန်ဆုံတွေ့ပြီး သာမန်အထက်တန်းကျောင်းသားဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းတော့မယ့် Ijin ဟာ
ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သူ့ညီမလေးကို ကာကွယ်ဖိုအတွက် ကြေးစားဘဝက ပညာတွေကို ထုတ်သုံးရတော့တယ်
မိသားစုအပေါ်မှာ နွေးထွေးပြီး ရန်သူအပေါ်မှာ သွေးအေးတတ်တဲ့ အထက်တန်းကျောင်းသား Ijin အကြောင်းကို fight scene အမိုက်စားတွေနဲ့ ဖတ်ရှုရမယ့် နာမည်ကြီး manhwa တစ်ပုဒ်ဖြစ်ပါတယ်