Summary
ဓားကိုင်တာ အရမ်းကျွမ်းကျင်တဲ့
ဆာရှီမီဆရာက သူ မိန်းကလေးဇာတ်ကောင်တွေကြူးဖို ဆော့ခဲ့တဲ့ ဂိမ်းထဲကို အပိုဇာတ်ကောင်အဖြစ် ဆွဲခေါ်ခံလိုက်ရပါတယ် ဘဝကြမ်းတမ်းခဲ့တဲ့ သူက အခုရထားတဲ့ ဘဝမှာ အေးအေးဆေးဆေး နေချင်ခဲ့ပေမယ့် သူ့ရဲ့မူလခန္ဓာကိုယ်ပိုင်ရှင်က ကျောင်းတက်ဖို ဝင်ခွင့်ရထားရော
အဲ့ဒါနဲ့ သူက ဂိမ်းထဲက ဇာတ်လမ်းအတိုင်း ကျောင်းကို သွားတက်လိုက်ရတော့တာပေါ့ သူရခဲ့တဲ့ ကောင်းချီးကလည်း ငါးကိုင်ခဲ့ရတဲ့ ဆာရှီမီဆရာဖြစ်ခဲ့လိုလားမသိ ဓားရဲ့အလျားအနံက
ဆာရှီမီဓားအလျားအနံထက်ကို ကျော်လိုမရဘူးတဲ့
တခြားဓားကိုင်ရင် သူ့ရဲ့ကောင်းချီးကို သုံးလိုမရဘူး ဒါပေမဲ့ နောက်တော့ သူ့ဓားကောင်းချီးရဲ့အမှောင်ဘက်ခြမ်းကို ရိပ်မိလာခဲ့ပါတယ် ဒီဓားကောင်းချီးက အေးအေးဆေးဆေး နေလိုတဲ့ သူ့အတွက် နှစ်ဖက်သွားဓားလို စုပ်လည်းဆူး စားလည်းရူး ဖြစ်နေတာပါ
ဒီဓားကောင်းချီးရဲ့လျိုဝှက်ချက်က ဘာလဲ သူဘာကြောင့် အဲ့ဒီလောကထဲကို ရောက်ရှိလာတာလဲ ဒါတွေကို ဆက်လက်သိနိုင်ဖိုအတွက် ဆက်လက်ဖတ်ရှုလိုက်ရအောင်ပါနော်~
Review and translated by Ivy