Summary
ကိုရီးယားသမိုင်းကြောင်းမှာ စက်ဆုပ်ရွံရှာစရာအကောင်းဆုံးလုပ်ရပ်တွေလုပ်ခဲ့လွန်းလို သမိုင်းပညာရှင်တွေကတောင် သမိုင်းဖျောက်ဖိုကြိုးစားခဲ့ကြတဲ့ ဂျိုဆွန်းဘုရင် ယုန်ဆန်းကိုသိကြပါသလား?
ကျွန်တော်တိုရဲ့ ဒီခေတ်က ပညာတတ်ဆင်းရဲသား MC လေးဟာ အဲဒီအာဏာရှင်ရဲ့ခေတ်ဆိုးကြီးကိုပြန်ရောက်သွားပါသတဲ့ဗျာ!
ရည်းစားထားဖို၊ လက်ထပ်ဖိုအကြောင်းမပြောနဲ့ လက်ရှိမှာ တစ်ယောက်တည်းတောင် တိုက်ခန်းစုတ်လေးမှာနေရတဲ့အပြင် စျေးကြီးတဲ့တက္ကသိုလ်တက်ခဲ့လို ကျောင်းလခကြွေးတွေကိုအလုပ်ရှာပြီးပြန်ဆပ်ဖိုကြိုးစားနေတဲ့ MC…
တစ်နေ့တော့ ဂျိုဆွန်းခေတ်မှာ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့အတူ အလှထိပ်ခေါင်မိန်းမချောချောတစ်ယောက်ရထားတဲ့ မင်းသားကြီးဂျင်ဆောင်းအဖြစ်ကို ဝုန်းခနဲရောက်ရှိသွားပါတော့တယ်~
ကျွန်တော်တိုရဲ့အူတူတူ MC လေးကသူ့ဘဝတစ်ဆစ်ချိုးလှည့်သွားပုံကိုဟာသအနှောတွေနဲ့ဘယ်လိုမျိုးကိုင်တွယ်မလဲဆိုတာကိုကြည့်ရရုံမက သမိုင်းအချိုးအကွေ့တွေကိုသူဘယ်လိုပြောင်းလဲဖိုကြိုးစားမလဲဆိုတာကိုမြင်ရမှာဖြစ်တဲ့အတွက် ကိုရီးယားအမျိုးသားသမိုင်းကိုလေ့လာရင်း အတည်တစ်မျိုး အခွီတစ်ပေါက်ဖတ်ရှုရမယ့် manhwa တစ်ပုဒ်ပဲဖြစ်ပါတယ်နော်~ Review by Esth