Summary
ဝက်ဘ်တွန်ဖတ် နေရင်းနဲ့ ဝက်ဘ်တွန်ထဲ ရောက်သွားချင်လိုက်တာလို တွေးဖူးကြလား
ဒီ Manhwa လေးက တော့ အဲ့ဒါနဲ့ ပြောင်းပြန် ဝက်ဘ်တွန်ကြီးက ကိုယ့်ဘဝထဲ ရောက်ချလာတာပါ
သာမန်အထက်တန်း ကျောင်းသား လေး နာဂန်ရင်းဟာ သူသိပ်ကြိုက်တဲ့ ဝက်ဘ်တွန်ဖတ်လိုက် လောင်လိုက်နဲ့ နေ့စဥ်ဘဝကို ဖြတ်သန်း နေခဲ့တာ ပေါ့
တစ် နေ့မှာ တော့ သူ့အတန်းကို ကျောင်း ပြောင်းလာတဲ့ ကောင်မ လေးက သူအကြိုက်ဆုံးဝက်ဘ်တွန်ထဲက ဇာတ်လိုက်မင်းသမီး ဖြစ် နေခဲ့တယ်
အဲ့ဒီ နေ့ကစပြီး ဝက်ဘ်တွန်ထဲက အ ကြောင်းအရာ တွေက သူ့ နေ့စဥ်ဘဝမှာ စဖြစ်လာ တော့တယ်
ဝက်ဘ်တွန်ထဲကလို ဇာတ်လိုက်မင်းသား မရှိ တော့တဲ့ အ ခြေအ နေမှာ ဖြစ်လာမယ့်ပြဿနာ တွေကို ဘယ်လို တွေကြိုးစားပြီး ကာကွယ်သွားမလဲ
ဒီဇာတ် ကောင် တွေက ရော လက် တွေ့မှာ ဝက်ဘ်တွန်ထဲကအတိုင်း ဟုတ် နေရဲ့လား
ဆိုတဲ့အ ကြောင်း တွေ ကို ရင်တထိတ်ထိတ်နဲ့ ဟာသ နှောပြီး ဖတ်ရှုရမယ့် manhwa လေးမလို စိတ်ဝင်စားဖို ကောင်းမှာ သေချာပါတယ် Review By BunnyC