Summary
ဒီဇာတ်လမ်း လူတွေစွမ်းအားနဲ့ပြန်နိုးထလာနိုင်တဲ့ “Awakener” စနစ်ပါတဲ့ကမ္ဘာမှာ ဇာတ်အိမ်တည်ထားတာလေးပါ…
ဇာတ်ဆောင် ခန်နဂီ မီနတို က ပုံမှန်ကျောင်းသားလေးတစ်ယောက်ပဲ၊ သူ့ဘဝကလည်း နေ့စဉ်အနိုင်ကျင့်ခံနေရတဲ့ လူတစ်ယောက်ပဲ.တစ်နေ့ကျတော့ သေလောက်တဲ့အန္တရာယ်ကြီးကြားထဲကနေ အသက်ရှင်ပြန်လည်လာတဲ့အခါမှာတော့ သူက cheat-level စွမ်းအားနဲ့ နိုးထလာခဲ့တယ်
ထူးခြားတာကတော့ လူတိုင်းကလည်း အံ့အားသင့်ပြီး ယခင်ကမ္ဘာကိုကယ်တင်ခဲ့တဲ့ Cheat Masters တွေတောင် သူ့စွမ်းအားကို အသိအမှတ်ပြုကြရတာပါပဲ
သူ့ကိုယ်ပိုင်တိုက်ခိုက်မှုနည်းပညာတွေ၊ အသစ်ရလာတဲ့စွမ်းအားတွေကြောင့် မီနာတိုက တဖြည်းဖြည်းနဲ့ ထူးခြားတဲ့ သူရဲကောင်းဖြစ်လာတယ်။ စွမ်းအားနဲ့အတူ တော်လှန်ဖို ၊ မဟာရန်သူတွေနဲ့ရင်ဆိုင်ဖို လုပ်ဆောင်ရင်း သူ့ဘဝမှာ အမှန်တရားတွေအများကြီးပေါ်လာခဲ့တယ်…
🎯 ဆိုတော့… Action နဲ့ Fantasy ကြိုက်တယ်၊ cheat-level MC ကိုကြိုက်တယ်ဆိုရင် ဒီမန်ဟွာကို တစိတ်တပိုင်းမပျက်ဘဲ ဆက်ဖတ်သင့်တယ်နော် 😃
အပိုင်းတိုတိုနဲ့ ရှင်းရှင်းလင်းလင်းဖော်ပြထားလို ဖတ်ရတာလည်း လွယ်ကူတယ်။ စပြီးဖတ်လိုက်တာနဲ့ ဆက်ဖတ်ချင်စိတ် ရှိလာမှာသေချာတယ်နော် 😉
Translated & Review by Myo