Summary
မှော်ပညာအတန်းမှာ ပါရမီရမှတ် 90 ကျော်ထိရှိ နေသော်လည်း ခေတ်ဖြစ်နေတဲ့ ကိုယ်ခံပညာအတန်းကို ယူလိုက်ပြီးကာမှ မှော်ပညာအတန်းက တစ်ဖန်ခေတ်ပြန်ဖြစ်လာပြီး အသုံးမကျသည့် C-Rank Raider ဘဝမှာ နေထိုင်နေရချိန်~
Mythic Rank Item ကို ရှာတွေ့ခဲ့ပြီးနောက် ဖခင်ဖြစ်သူ လုပ်ကြံခိုင်းလို သေလုဆဲဆဲ ဖြစ်ချိန်မှာ မိခင်ဖြစ်သူအား သတ်ခဲ့သူမှာ အဖေဖြစ်သူဖြစ်နေကြောင်း သိသွားပြီး Mythic Item ကို တပ်ဆင်အသုံးပြုခဲ့တဲ့အခါမှာ အဲ့ဒီ Item ကြောင့် ကံကြမ္မာအလှည့်အပြောင်း ဖြစ်ပြီး အတိတ်ကို အသစ်ပြန်လည် စတင်ခွင့် ရရှိခဲ့သူ
အဖြစ်အပျက်များစွာဖြစ်ခဲ့ပြီး မိခင် အသက်ရှင်နေသေးသည့် မေးလ်စ်ကျောင်း မတက်ခင်ကာလကို ပြန်ကူးပြောင်းဖို ရွေးချယ်လိုက်ပြီး ဘယ်လိုအမှားတွေပြင်ဆင်မှာလဲ ပြီးတော့ အကောက်ကြံသူ အဖေကို ကလဲ့စားချေဖို ဘာတွေ ပြင်ဆင်စီစဉ်သွားမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာဖြစ်ပါတယ်
ဒါလေးကတော့ Action, Fantasy ကိုမှ Comedy လေးပါပြီး Overpower MC ကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ဟာလေးပါ
Review By Vanny