Summary
အနာဂတ်တစ်ချိန် ကမ္ဘာကြီးပျက်စီးသွားပြီး အပျက်အစီးတွေကြားမှာ ရှင်သန်ရတဲ့ဇာတ်လမ်းမျိုးဆိုတာ fiction ဇာတ်အိမ်တွေထဲမှာ လူကြိုက်များတဲ့ အမျိုးအစားတစ်ခုဆိုလည်း မမှားပါဘူး
ဒီ Manhwa လေးရဲ့ ထူးခြားချက်ကတော့ မြေပြင်ပေါ်မှာ မဟုတ်ဘဲ ပင်လယ်ထဲမှာ ရှင်သန်ရတဲ့အကြောင်းပါ
တစ်ချိန်က မြေပေါ်မှာဆောက်ထားခဲ့တဲ့ အဆောက်အအုံတွေအကုန် ရေအောက်နစ်မြုပ်သွားပြီး ကုန်းမြေဆိုတာ မရှိသလောက် ရှားနေခဲ့တဲ့အချိန်
ဘိုတာ ဆိုတဲ့ကောင်လေးဟာ ဖခင်ရယ် ညီမဖြစ်သူရယ်နဲ့ ပင်လယ်ပြင်မှာ ရွက်လွှင့်ပြီး နေ့ရက်တွေကို ဖြတ်သန်းနေခဲ့ရတယ်
ကြမ္မာငင်တဲ့တစ်နေ့မှာတော့ ဘိုတာတိုဟာ ရေမိစ္ဆာကြီးတစ်ကောင်နဲ့ တွေ့ပြီး ဘိုတာ့ဖခင်ဟာ ဘိုတာတိုကို ကယ်ရင်းနဲ့ သေသွားခဲ့ရတယ်
ဖခင်မရှိတော့တဲ့ ကလေးနှစ်ယောက်ဟာ ဘယ်လို ဆက်ရှင်သန်သွားကြမလဲ
ဒီရေမိစ္ဆာကြီးတွေကရော ဘယ်ကဘယ်လို ပေါ်ပေါက်လာတာလဲ ဆိုတဲ့မေးခွန်းတွေနဲ့အတူ
Post-Apocalyptic theme ကြိုက်နှစ်သက်သူတွေအတွက် သဘောတွေ့စေမယ့် manhwa လေးတစ်ပုဒ် ဖြစ်ပါတယ်
Review By BunnyC
Translated by Myo