Summary
အတိုက်အခိုက်တွေပဲဖတ်ရတာငြီးငွေ့လာတဲ့သူတွေအတွက်
Slice of Life, Isekai အမျိုးအစားကြိုက်သူတွေအတွက် Cooking Manhwa တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ်
ဟင်းချက်ပါရမီရှိပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့တဲ့ နာမည်ကျော်စားဖိုမှူးလီဂန်ဟျွန်း…
ထူးချွန်တဲ့အပြင် ရုပ်ရည်ကြောင့် အားပေးတဲ့ပရိသတ်တွေ များသလို မနာလိုသူတွေ အတိုက်အခိုက်တွေလည်း ပေါများလို စိတ်မွန်းကြပ်နေတဲ့သူပါ
တစ်နေ့မှာ သူ့ရဲ့အရသာခံအာရုံပျောက်ဆုံးသွားတဲ့အတွက် စိတ်ကိုကုစားဖို တိတ်ဆိတ်တဲ့ဘဝကို နေထိုင်ဖို သူ့အဘိုးရဲ့ကျေးလက်ဒေသကို အပန်းဖြေခရီးထွက်လာရင်းနဲ့ သူ့အဘိုးအိမ်ထဲကနေ တခြားကမ္ဘာဆီသွားတဲ့ Portal တံခါးကို တွေ့ရှိသွားပါတယ်
ဒီလိုနဲ့ ကျေးလက်မှာ အီတလီစားသောက်ဆိုင်လေးဖွင့်ပြီး ရွာသူရွာသားတွေနဲ့ တဖြည်းဖြည်း ရင်းနှီးလာသလို အားလပ်ချိန်မှာ တခြားကမ္ဘာထဲ Camping trip ထွက်ရင်း အေးအေးချမ်းချမ်းနေနေတဲ့ဂန်ဟျွန်း…
သူ့ရဲ့ကျွမ်းကျင်တဲ့ ဟင်းချက်လက်ရာနဲ့ ရွာသားတွေ ဧည့်သည်တွေအပြင် တခြားကမ္ဘာက မျိုးစိတ်တွေကိုပါ သိမ်းသွင်းနိုင်ပြီး မိတ်ဆွေဖွဲနိုင်ခဲ့ပါတယ်
ဒါပေမဲ့ တခြားကမ္ဘာမှာအေးချမ်းသလောက် မနာလိုသူတွေများတဲ့ လူသားကမ္ဘာမှာတော့ ဂန်ဟျွန်းတစ်ယောက် အတိုက်အခိုက်တွေကြုံရပြီး ပျော်ရွှင်တဲ့ဘဝ ရနိုင်မလားဆိုတာ…ကိုဖတ်ရှုလိုက်ကြရအောင်💘