Summary
တစ်နေ့ ထူးဆန်းတဲ့ မျှော်စင်ကြီးက မြိုထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ် လူအများက အဲ့တာကို Dungeon လိုခေါ်ဖို ဆုံးဖြတ်ခဲ့ကြပြီး ကြမ်းတမ်းတဲ့ မြေဒေသနဲ့ အန္တရာယ်ရှိတဲ့ မကောင်းဆိုးဝါးတွေ ပြည့်နေတာတောင် လူသားတွေက မရေမတွက်နိုင်တဲ့ ရတနာတွေ ရဖို အခွင့်အလမ်းတစ်ခုဖြစ်တယ်လိုမြင်လာကြတယ်
သာမန်ဘဝနေထိုင်တဲ့ လူငယ်လေး ဆေဂျွန်ကို Dungeon က မတော်တဆ နိုးထသူဖြစ်ဖို ဖိတ်ခေါ်လိုက်တာနဲ့ သူ ချမ်းသာမဲ့ အလားအလာကို ပီတိဖြစ်မိပေမယ့် dungeon ထဲမှာ ထူးဆန်းပြီး လျှိဝှက်ထားတဲ့ ဂူလိုမျိုးနေရာထဲမှာ သောင်တင်နေခဲ့ပါတယ်
သူ့မှာ အစေ့ သီးနှံ နည်းနည်း နဲ့ သူ့ခန္ဓာကိုယ်ပဲရှိတာဆိုတော့ ဆေဂျွန်က စိုက်ပျိုးရေးလုပ်ဖို အရင်းအမြစ်တွေကို စုဆောင်းပြီး သူ့ကိုယ်ပိုင် ရှင်သန်ရေးအတွက် အစီအစဉ်ကိုစတင်လုပ်ဆောင်ရပါတော့တယ်
ဒီ manhwa က စိုက်ပျိုးရေးကို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စွန့်စားခန်းအဖြစ်ကို ပြောင်းလဲပေးပြီးတော့ litRPG နဲ့ ကျွန်တော်တိုတွေ့နေကြမဟုတ်တဲ့ hero or mc တွေကိုကြိုက်တဲ့ ပရိသတ်တွေအတွက် ပြီးပြည့်စုံပြီး စိတ်ကူးယဉ်ဆန်တာကို နှစ်သက်သူတိုင်းအတွက် ဖတ်သင့်တဲ့ manhwa လေးပါ
Translate and review by The Fool