Summary
ဘဝမှာ ဘာရည်မှန်းချက်၊ ဘာခံစားချက်မှမရှိဘဲ လမ်းဘေးမှာ သူများတွေ ဝိုင်းရိုက်နေတာကိုတောင် နာကျင်မှန်းမသိ ငြိမ်ခံနေတဲ့ “ယု” ဆိုတဲ့ ကောင်လေး…🥺
တစ်နေ့မှာတော့ ကမ္ဘာ့ချန်ပီယံတွေကို မွေးထုတ်ပေးခဲ့တဲ့ ဒဏ္ဍာရီလာ လက်ဝှေ့နည်းပြကြီး “K” က ယုကို အမှတ်မထင် တွေ့သွားခဲ့တယ်။ K ဟာ ယုရဲ့ မျက်လုံးတွေထဲမှာ ဘယ်သူနဲ့မှမတူတဲ့ တုနှိင်းမဲ့ ပါရမီ၊ လှုပ်ရှားမှုတွေကို နှေးကွေးသွားအောင် မြင်နိုင်စွမ်းရှိတဲ့ “ဘီလူးသရဲခေါင်း” (Monster) တစ်ကောင်ရဲ့ အရိပ်အယောင်ကို မြင်သွားခဲ့တာပေါ့🙌🏻
ဒီလိုနဲ့ K ရဲ့ ဆွဲခေါ်မှုကြောင့် ခံစားချက်မဲ့နေတဲ့ ယု တစ်ယောက် ကြိုးဝိုင်းထဲကို ရောက်လာတဲ့အခါ…
ကြိုးစားမှုဆိုတာကို နားမလည်တဲ့ ယုက သူ့ရဲ့မွေးရာပါ ပါရမီသက်သက်နဲ့ လက်ဝှေ့လောကကို ဘယ်လိုများ ကိုင်လှုပ်သွားမလဲ?
ဒီဇာတ်လမ်းက သာမန်အားကစားဇာတ်လမ်းတွေလို ဇာတ်ကောင်က အောက်ခြေကနေ ကြိုးစားတက်လှမ်းရတာမျိုး မဟုတ်ဘဲ ယု က အစကတည်းက ဘယ်သူမှ ယှဉ်မရတဲ့ “Final Boss” ကြီး ဖြစ်နေတာပါ😚
တစ်ဘဝလုံး ပေးဆပ်ပြီး သွေးထွက်သံယို ကြိုးစားလာခဲ့ကြတဲ့ ပြိုင်ဘက်တွေရဲ့ အိပ်မက်တွေ၊ ဇွဲလုံလတွေဟာ အေးစက်စက်နိုင်လွန်းတဲ့ ယု ဆိုတဲ့ တောင်ကြီးကို ဝင်တိုက်မိတဲ့အခါ ဘယ်လောက်တောင် ရက်ရက်စက်စက် ရိုက်ချိုးခံလိုက်ရမလဲ?😎
လူသတ်စက်လို ဖြစ်နေတဲ့ ယုကရော ကြိုးဝိုင်းထဲမှာ သူ့ရဲ့ ပျောက်ဆုံးနေတဲ့ လူသားဆန်မှုကို ပြန်ရှာတွေ့နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ဖတ်ရှုရမှာပါ…
Action, Psychological, Sports, Drama
ကြိုက်နှစ်သက်သူတွေအတွက်
ရိုက်နှက်နေရုံသက်သက်မဟုတ်ဘဲ ရင်ထဲမှာတစ်ခုခုကျန်ခဲ့စေမယ့် အကောင်းဆုံး Webtoon
တစ်ခုဖြစ်ပါတယ်