Summary
စွန့်စားခန်းဖွင့်ရတာကြိုက်တဲ့လူတွေအတွက် Manhwa ကောင်းလေးတစ်ပုဒ်လာပါပြီ
ဒီ Manhwa ထဲက MC ကတော့ Arcane Seoul ဆိုတဲ့ဂိမ်းရဲ့ ဂိမ်းဂျိုးတစ်ယောက်ပါ
ဘယ်လောက်ထိ ဂိမ်းဂျိုးဖြစ်လဲဆိုရင် နာရီပေါင်း ၂သောင်းလောက်ထိတောင် ဒီဂိမ်းကိုဆော့တာတဲ့လေ
တစ်နေ့ အဲ့ဂိမ်းကိုဆော့နေရင်း မတော်တဆ ထရပ်ကားတိုက်ခံရပြီး ဘဝကူးသွားပါလေရော
သူပြန်နိုးလာတဲ့အချိန် သူ့ကိုယ်သူ Arcane Seoul ဆိုတဲ့ဂိမ်းထဲရောက်နေမှန်းသတိထားမိသွားခဲ့တယ် ဒီတော့ ကြမ်းတမ်းပြီး ရက်စက်လှတဲ့ အဲ့ဂိမ်းကမ္ဘာထဲမှာ သူဘယ်လိုတွေရှင်သန်သွားမလဲ?
နာရီပေါင်း ၂သောင်းတောင်ဆော့ထားတဲ့ ဒီဂိမ်းရဲ့ အသိပညာတွေ အတွေ့အကြုံတွေကို သူဘယ်လို အမိုက်စားနည်းတွေနဲ့အသုံးချသွားမလဲ?
Arcane Seoul ဆိုတဲ့ ဂိမ်းကမ္ဘာထဲမှာရော သူရှင်သန်နိုင်ပါ့မလား?
ဒါ့အပြင် သူဘယ်လို ပေါက်ကရတွေထထလုပ်လဲ ဆိုတာကိုတော့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်
Translated & Review by Scarlett and Thura