Summary
ဇွန်ဘီဗိုင်းရပ်စ် ကမ္ဘာပေါ်ကိုပျံ့နှံလာပြီး ဇွန်ဘီလူသားတွေများပြားလာတဲ့နောက်ပိုင်းမှာ လူသားတိုင်း အသက်ရှင်နေထိုင်ဖိုကို ရုန်းကန်နေကြရတယ်
အတိတ်က ကံကြမ္မာဆိုးဖြစ်ရပ်တစ်ခုကြောင့် ဘဝသေသလိုဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို အကြောင်းရှာနေတဲ့ အွန်မီရယ်~
ဘယ်လိုနည်းနဲ့ပဲကြိုးစားကြိုးစား အွန်မီရယ်ကို တစ်ဦးတစ်ယောက်ကမှ သတ်နိုင်ခြင်းမရှိခဲ့တဲ့အပြင် နည်းနည်းလေးတောင်မှ ထိခိုက်အောင်မလုပ်နိုင်ခဲ့ဘူး
မီရယ့်ရဲ့ ထူးခြားတဲ့စွမ်းအင်ကိုသတိထားမိသွားတဲ့ တပ်ဖွဲတစ်ခုက မီရယ့်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖိုကမ်းလှမ်းခဲ့ပြီး အပြန်အလှန်အနေနဲ့ ဇွန်ဘီလူသားတွေကိုရှင်းပေးဖို ကူညီပေးဖိုဖြစ်လာခဲ့တယ်
အွန်မီရယ်က ဘာအကြောင်းကြောင့် သေဖိုဆန္ဒပြင်းပြနေလဲဆိုတာ ၊
အဆုံးသတ်မှာရော သူ့ဆန္ဒပြည့်မြောက်သွားမလားဆိုတာနဲ့ ဇွန်ဘိီလူသားတွေက်ိ
အကုန် ဘယ်လိုသုတ်သင်ရှင်းလင်းမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ် ~
Review and translation by Rin