Summary
အပြင်ပိုင်းကကြည့်ရင် ပြီးပြည့်စုံတယ်လိုထင်ရပေမဲ့ အတွင်းထဲမှာ ဒဏ်ရာဒဏ်ချက်တွေပြည့်နေတဲ့ အထက်တန်းစားမိသားစုက မိန်းကလေးတစ်ယောက် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားတဲ့အခါ လွတ်လပ်ပြီလို ထင်နေခဲ့တယ်
ဒါပေမဲ့ တစ်ချိန်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာ ရူဘက်ကီရာဆိုတဲ့ဇာတ်ကောင်အဖြစ် ဗီလိန်နေရာက ပြန်လည်မွေးဖွားလာပါတယ်
အဲဒီဝတ္ထုကလည်း သူ့အရင်ဘဝနဲ့ မထူးခြားနားပါပဲ
ပိုဆိုးတာက ဝတ္ထုအဆုံးသတ်မှာ ရူဘက်ကီရာက ခင်ပွန်းဖြစ်သူ အစ်ဇ်ကာသတ်တာကို ခံရမယ်တဲ့
အသတ်မခံရအောင် အစ်ဇ်ကာနဲ့သူ့မိသားစုဝင်တွေကို ရူဘက်ကီရာလေးက ဘယ်လောက်အပြစ်ကင်းစင်လဲဆိုတာကို သက်သေပြဖို ရှိသမျှနည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံးကြိုးစားရပါတော့တယ်
ကြိုးစားနေတုန်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူအောင်မြင်ပြီး ဝတ္ထုရဲ့အဆုံးသတ်ကို ပြောင်းလဲနိုင်သွားမှာလား ပြီးတော့ အဲဒီဝတ္ထုထဲမှာ ဘယ်လိုမြုပ်ကွက်တွေကျန်နေဦးမလဲဆိုတာ အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာဖြစ်ပါတယ်
Review and translated by Blackie