Summary
ဇာတ်လမ်းအစကတော့ ဇာတ်လိုက်ဖြစ်တဲ့
ဂင်ဝူဂျင်းဟာ သူနှစ်ပေါင်းများစွာ တိုက်ခိုက်ပေးလာခဲ့တဲ့ မက်ဆီယာ Guild ရဲ့ ခေါင်းဆောင်ဆီမှာ အသတ်ခံလိုက်ရတာကနေ စတာပေါ့
အသတ်ခံရပြီးနောက်မှာ အနာဂတ်ရဲ့မှတ်ဉာဏ်တွေနဲ့အတူ အတိတ်ကိုပြန်ရောက်လာခဲ့တယ်။ အဲ့လိုကနေ လက်စားချေခရီးစဥ်
စတင်တော့တယ်
ဒါပေမဲ့လည်း မက်ဆီယာ Guild ကသာမန် Guild တော့မဟုတ်ခဲ့ဘူး
‘ကယ်တင်ရှင်’ လိုအဓိပ္ပါယ်ရတဲ့ Guild နာမည်အတိုင်း လူတွေရဲ့အမြင်မှာတော့ မက်ဆီယာ Guild ဟာ ကမ္ဘာကြီးကို မိစ္ဆာတွေရန်က ကယ်တင်ပေးမယ်လို ထင်နေခဲ့ကြတယ်
အထူးသဖြင့် Guild ရဲ့ခေါင်းဆောင် လီဆယ်ဂျွန်းက ကမ္ဘာ့အသန်မာဆုံးလိုတောင် သတ်မှတ်ခံထားရတဲ့သူတစ်ယောက်ဖြစ် နေပေမဲ့ အဲ့လိုမျက်နှာဖုံးအောက်မှာ ကမ္ဘာကြီးကိုကယ်တင်မယ့်အစား အုပ်စိုးချင်နေတဲ့သူ
Kill the hero ဆိုတဲ့နာမည်အတိုင်း
သူရဲကောင်းကိုသတ်မယ့်ခရီးစဥ်မှာ
ကြုံတွေ့ရမယ့်အခက်အခဲတွေကို ဂင်ဝူဂျင်းက ဘယ်လိုပညာသားပါပါနဲ့
ကျော်ဖြတ်သွားမလဲ?
ခပ်မိုက်မိုက်နဲ့ ဉာဏ်ထက်တဲ့ဇာတ်လိုက်မျိုးကိုမှ ဖတ်ချင်ပါတယ်ဆိုတဲ့သူတွေ
အကြိုက်ပါ
comedy လည်းရောထားသေးတာမလို ပျင်းသွားမှာကိုတော့ စိတ်မပူပါနဲ့နော်
Review by BunnyC