Rank
3rd, it has 3 monthly views
တကယ်လိုများ သင်က ကိုယ်အကြိုက်ဆုံး အဆိုတော်တစ်ယောက်နဲ့ လမ်းမှာ အမှတ်မထင် တွေ့ခွင့်ရမယ်ဆိုရင် ဘယ်လိုများနေမလဲ? ဒီ Webtoon လေးထဲမှာတော့ ယွန်းဝူဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်က ကျောင်းစာတစ်ဖက် အချိန်ပိုင်းအလုပ်တစ်ဖက်နဲ့ အမြဲအလုပ်ရှုပ်နေသူတစ်ယောက်ဖြစ်ပါတယ်
အဲ့လို အလုပ်နောက်ကျမှ အိမ်ပြန်ရတဲ့အတွက်ကြောင့်ပဲ နောက်ဆုံးရထားကိုစောင့်ရင်း ဟယ်အင်းဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်
ဒါပေမဲ့ အဲဒီမိန်းကလေးက သူအကြိုက်ဆုံး အဆိုတော်မလေးဖြစ်နေခဲ့တာကိုတော့ မသိခဲ့ပါဘူး
ဟယ်အင်းကလည်း သူ့ရဲ့ သရုပ်မှန်ကိုချမပြချင်သေးတဲ့အတွက် ဖုံးကွယ်ထားရင်း တဖြည်းဖြည်းနဲ့ သူတိုရဲ့ ဆက်ဆံရေးက နက်ရှိင်းလာတဲ့အခါမှာတော့…
System တွေ ဖတ်ရတာပျင်းလာရင် စိတ်အနားပေးတဲ့အနေနဲ့ဖတ်ကြည့်သင့်တဲ့ Romane အမျိုးအစားလေးပဲ ဖြစ်ပါတယ်
Review and translated by Sparkle