Rank
49th, it has 0 monthly views
ကိုယ့်ရဲ့ဖြစ်တည်မှုက သခင်မ ကာမနတ်ဆိုးကို ကာကွယ်ဖိုအတွက်ပဲ တည်ရှိနေရာကနေ မကာကွယ်နိုင်ခဲ့ဘဲ သေဆုံးသွားခဲ့ရတဲ့ အရိုးစုတစ်စု
လွန်ခဲ့နှစ်၂၀က အချိန်ကာလကို ပြန်ရောက်သွားပြီး အုတ်ဂူထဲက ထလာခဲ့တဲ့ အရိုးစုဟာ နောင်နှစ်၂၀အချိန်မှာ ပြန်တွေ့ရမယ့် သခင်မကို ကာကွယ်နိုင်ဖိုအတွက် သန်မာလာအောင်လုပ်တဲ့ လမ်းခရီးမှာ သူကာကွယ်ချင်တဲ့ လူတွေက ပိုပိုများလာခဲ့တယ်
အချိန်စီးကြောင်းထဲမှာ ပိတ်မိနေပြီး တစ်စုံတစ်ယောက်က ကြိုးကိုင်ချုပ်နှောင်တာခံထားရတဲ့၊ ကိုယ့်ဘဝအကြောင်း တစ်စုံတစ်ယောက်က ဖျောက်ဖျက်တာခံခဲ့ရတဲ့၊ လောကကြီးအကြောင်း ဘာမှမသိတဲ့ မွေးကင်းစလို ဖြစ်နေတဲ့ အရိုးစုတစ်စုအတွက် သူ့ရဲ့တစ်ခုတည်းသော ဆန္ဒ – သခင်မကို ကာကွယ်ပေးဖိုဆိုတဲ့ ဆန္ဒကို အမှန်တကယ် ဖြစ်မြောက်လာအောင် အကောင်အထည်ဖော်နိုင်မလား…..
သူ့ရဲ့ဖြစ်တည်မှုအမှန်ကိုရော သိရှိလာနိုင်မလား….
Review and translated by Ivy