Summary
ငယ်စဥ်ကတည်းက ရည်မှန်းချက်ကြီးမားပြီး အိမ် ရှေ့စံနဲ့လည်း စေ့စပ်ထားတဲ့ မြိုစားကြီးသမီး
မက်ဒီရာ ဆိုလွန်နဲ့
သိမ်မွေ့နူးညံ့ပြီး စိတ်သဘောထားဖြူစင်တဲ့
ရာထူးနိမ့်မြိုစားတစ်ဦးရဲ့သမီး ဆိုက်ခီ ကော်လစ်စတာ
မက်ဒီရာဟာ အိမ် ရှေ့စံမိဖုရားဖြစ်ဖို လက်မတင် လေးမှာပဲ ဆိုက်ခီထံရှုးသွားခဲ့တာကြောင့် ဆိုက်ခီကို မကောင်းကြံပြီး သတ်ဖိုကြိုးစားတော့တာပေါ့
ပုံမှန် တွေ့ နေကျ ဗီလိန်နဲ့ ဇာတ် ဆောင် လိုထင်ရ လောက် ပေမဲ့ ဒီ နေရာမှာ တော့ နှစ်ဦးဟာ
ဝိညာဥ်ချင်း လဲသွားကြပါတော့တယ်
ဆိုက်ခီဖြစ်သွားတဲ့မက်ဒီရာ နဲ့ မက်ဒီရာဖြစ်သွားတဲ့ဆိုက်ခီ တိုနှစ်ဦးဟာ သူတိုရဲ့ဘဝအသစ် တွေမှာ
ဘယ်လို နေထိုင်ကြမလဲ?
ဝိညာဥ်ချင်း ပြန်လဲနိုင်ဖို လျှိဝှက်ချက်ကရော ဘာလဲ?
မက်ဒီရာနဲ့ လက်ထပ်ခါနီးမှ စေ့စပ်ပွဲဖျက်လိုက်တဲ့ အိမ်ရှေ့စံရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ?
ဇာတ်အိမ်အချိုးအကွေ့များစွာနဲ့ ရင်တထိတ်ထိတ်
ဖတ်ရှုရမယ့် Webtoon မျိုးကိုကြိုက်နှစ်သက်ရင် တော့ ပြေးဖတ်ကြည့်လိုက်ဖိုပဲ ပြောပါရ စေ