Summary
စာရေးရတာဝါသနာပါပြီး ပြိုင်ပွဲတိုင်းမှာ ဆုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ ဇာတ်ညွှန်းရေးမေဂျာက ထူးချွန်ကျောင်းသူ ဂုံဂီဂျူ…
ပညာရေးပိုင်းမှာ ဉာဏ်ကောင်းပြီး အရည်အချင်းရှိတဲ့ ဂီဂျူက အချစ်ရေးမှာတော့ အမြဲလိုလို လူရွေးမှားတဲ့သူ…သူတွဲခဲ့တဲ့ EX တွေက သူ့ကိုအပုပ်ချတဲ့သူရယ် ရသမျှခွာယူပြီး အသုံးချတဲ့သူရယ် စသဖြင့် မကောင်းတဲ့သူတွေနဲ့ပဲ ကြုံရပါတယ်
ဒီတစ်ခေါက် ဂီဂျူရဲ့ရည်းစားကလည်း ငွေအတွက် သူ့ကိုချစ်ချင်ယောင်ဆောင်ပြီး မျက်နှာနှစ်ဖက်နဲ့ ပန်းနုသွေးလုပ်တဲ့သူ ဖြစ်နေတဲ့အတွက် ဂီဂျူက ထိပ်တိုက်ရင်ဆိုင်ရင်း လှေကားပေါ်က ပြုတ်ကျခဲ့ပါတယ်
အဲဒီ Accident ကြောင့်ဆေးရုံရောက်သွားပြီးနောက်ပိုင်းမှာ ထူးထူးဆန်းဆန်း သူ့ EX နဲ့ဆင်တူဝတ်ခဲ့တဲ့ စုံတွဲလက်စွပ်ကြောင့် သူ့နားက လူတွေရဲ့ EX တွေကနေ ဒီလူတွေကို Star Rating ပေးထားတဲ့ Review Window ကို မြင်နေရတာပါ
ဒီလိုနဲ့ EX တွေရဲ့သုံးသပ်ချက်ကိုကြည့်ပြီး လူတွေကို အကဲဖြတ်မိတဲ့ ဂီဂျူက သူတိုတက္ကသိုလ်ရဲ့ နာမည်ကျော် ဥစ္စာပေါရုပ်ချော စာတော်တဲ့ စီနီယာယွန်းဟယ်အီနဲ့ ဆုံရပါတော့တယ်
အံ့ဩစရာက လူတိုင်းက အကောင်းပြောပြီး ချီးကျူးသဘောကျကြတဲ့ ဒီစီနီယာရဲ့ Rating က 0.5 Star ပဲရှိနေတာပါ
အဲဒါကြောင့်ဂီဂျူက စီနီယာနဲ့မပတ်သက်ဖိုရှောင်ပေမယ့် တိုက်ဆိုင်မှုတွေကြောင့် သူတိုနှစ်ယောက် အတူတူ အမြဲဆုံနေရတဲ့အခါမှာတော့…ယွန်းဟယ်အီရဲ့ အတိတ်ကဖြစ်ရပ်တွေကို တဖြည်းဖြည်းသိလာပြီး စိတ်ဝင်စားလာမယ့် Supernatural, Romance Manhwa လေးဖြစ်ပါတယ်နော်~